Friday, March 9, 2012

တောင်းပန်တယ်တဲ့....

မျှော်လင့်ချက်တွေ များတယ်
သတ်ပုံတွေမှားတယ်
သေချာတာတော့
အားလုံးက တဖက်သတ်ကြီးပဲ
အဟတ်...
“တောင်းပန်ပါတယ်”
ဒီစကားလုံးအောက်မှာ အရာအားလုံးပျက်သုန်း
ရင်ဘတ်တခုလုံး နိဂုံးချုပ်ခဲ့တယ်....

ခါး.....

သွား........
ပျော်ရာမှာနေတော့
တောင်းပန်တယ်
ပြန်မလာဖို့

ခံစားချက်တွေ ခါး
အသိတွေ ခါး
အကြားတွေ ခါး
အမြင်တွေ ခါး
အချစ်တွေပါ ခါး...သွား...ပြီ....