ပုံမှန် တစ်ယောက်ထဲ နေဖြစ်သော နေ့များ တစ်နေ့ထက် တစ်နေ့ များလာခြင်းကြောင့် လူတွေကို ရှောင်တက်လာသည်။
တစ်ယောက်ထဲ နေရသော ဘ၀ ကို စိတ်ကုန်သော်လည်း လူအများနှင့်ပေါင်းသင်းဆက်ဆံဖို့ စိတ်မကူးမိချေ။
လူဆိုသည်မှာ အဖွဲ့အစည်းနှင့်နေသော သတ္တ၀ါ တစ်မျိုးဖြစ်ကြောင်းကို ငယ်စဉ်ကတည်းက သင်ကြားဖူးသည်။
ထိုရာသည် မှန်သည် မှားသည်ဟု မည်သူမျှ ယနေ့ထိ သက်သေပြနိုင်ခြင်းမရှိခဲ့။
ယနေ့ နေသာသည် ဟူသော စာပိုဒ်လေးကို မိုးရွာသော နေ့တနေ့တွင် ရွတ်ဆိုခဲ့ဖူးသည်။
မိုးရွာသည် ဖြစ်စေ နှင်းကျသည် ဖြစ်စေ ယနေ့အတွက် သင်ခန်းစာသည် ယနေ့ နေသာသည် သာဖြစ်သည်။
စကားလုံးများသည် ဟိုရောက်သည်ရောက်ဖြစ်နေသလို စိတ်သည်လည်း ၀ိဥာဉ်ပေါင်းများစွာ ခွဲဖြာထွက်နေသည်။
တစ်ယောက်ထဲ နေရတာ စိတ်ကုန်သော်လည်း သူမကိုယ်ကို အထီးကျန်သည်ဟု ဘယ်သောအခါမှ မထင်မိချေ။
သို့သော် အဖော်မဲ့နေတာ သေချာပါသည်။ထို့ကြောင့် သက်မဲ့အဖော် ရှာရန်စိတ်ကူးမိသည်။
နောက်ဆုံးတွင် ဂီတ ရုပ်ရှင် စာအုပ် နှင့် ဂိမ်း များသာ သူမ၏ အဖော်ဖြစ်လာခဲ့သည်။
နောက်ပိုင်းတွင် သူမသည် အိုင်ပေါ့ အိုင်ပတ် စသည့် အရာများကို ကိုယ်နှင့်မကွာ သယ်ဆောင်တက်သူဖြစ်လာသည်။
တစ်ကိုယ်ထဲနေတက်သည့် အကျင့်ရှိသည့် သူမသည် ထိုအရာများနှင့် မိတ်ဖွဲ့ပြီး နောက်ပိုင်း လူအများနှင့် ဝေးသထက် ဝေးကွာလာခဲ့သည်။
ဂျီတော့ နှင့် facebook များတွင် Offline ဖြစ်ချိန် များလာခဲ့သည်။
လူအများကြားမှာနေသော်လည်း သူမ၏သီချင်းများ ဂိမ်းများနှင့် ကိုယ်ပိုင်ကမ္ဘာတခု တည်ဆောက်နေသည်။
သူမသည် ထိုသို့ဖြင့် လူများနှင့် ခပ်လှမ်းလှမ်းလေး သွားနေခဲ့ရင်း သူမ၏ အနာဂတ် စိတ်ကူးကို ပုံဖော်သွားမည်သာ ဖြစ်သည်။ သူမ မှားသည်ဟု မည်သူက ကန့်ကွက်ပါမည်နည်း။ သူမ သည် တစ်ယောက်ထဲ နေတက်သောကြောင့် သူမအား လူမဟုတ်ဟု မည်သူက စွပ်စွဲပါမည်နည်း။
Saturday, November 3, 2012
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment