Tuesday, October 9, 2012

မိုးတိမ် သို့မဟုတ် သူမ


မိုးတိမ်ဟာ ပါးနပ်သူတစ်ယောက် အဖြစ် သတ်မှတ်ခံရတယ်
မိုးတိမ်ဟာ မိုးရေအဖြစ်အသွင်ပြောင်းတယ်
မိုးတိမ်ဟာ ပင်လယ်ရေအဖြစ်အသွင်ပြောင်းတယ်
မိုးတိမ်ဟာ ဆင်တစ်ကောင်အဖြစ် အသွင်ပြောင်းတယ်
မိုးတိမ်ဟာ မျောက်တစ်ကောင်လို ခုန်ဆွ ခုန်ဆွ လျှောက်သွားတယ်
မိုးတိမ်ဟာ အိနြေ္ဒရှင် တစ်ယောက်လို တည်ငြိမ်စွာ မျက်လွာချတယ်
မိုးတိမ်ဟာ အသည်းနှလုံးပုံအဖြစ် အသွင်ပြောင်းတယ်
မိုးတိမ်ဟာ တစ္ဆော တစ်ကောင်အဖြစ် အသွင်ပြောင်းတယ်
မိုးတိမ်ဟာ အချစ်အဖြစ် အသွင်ပြောင်းတယ်
မိုးတိမ်ဟာ အမုန်းအဖြစ် အသွင်ပြောင်းတယ်
မိုးတိမ်ဟာ သံသယအဖြစ် အသွင်ပြောင်းတယ်
မိုးတိမ်ဟာ တက်မက်မှုအဖြစ်အသွင်ပြောင်းတယ်
မိုးတိမ်ဟာ ခမ်းနားတဲ့နန်းတော်ကြီးအဖြစ် အသွင်ပြောင်းတယ်
မိုးတိမ်ဟာ တဲကုတ်လို အသွင်ပြောင်းတယ်
မိုးတိမ်ဟာ သူမလို ပြုံးတယ်
မိုးတိမ်ဟာ သူမလို လေတိုက်တိုင်း အသွင်ပြောင်းတယ်
မိုးတိမ်ဟာ သူမလို........
.......
...........................................

0 comments:

Post a Comment