Tuesday, October 9, 2012

sayonara

ခပ်ပေါပေါ သီချင်းတွေဆိုပြီး
ခပ်ရေးရေးလေး ငါ လွမ်းပါရစေ
နင့်ကမ္ဘာမှာ နင်ပျော်နေပါ
ငါလည်း ငါ့ကမ္ဘာကနေ
မျှော်နေပါ့မယ်
တနေ့ပေါ့…….


နင့်ကို ချစ်တယ်လို့
အကြိမ်တစ်ရာမက ငါ့ကိုယ်ငါ တိုးတိုးလေး ပြောခဲ့ဖူးတယ်
ငါ့ကို ချစ်တယ်လို့
နင် ပြောတာလည်း အိမ်မက်တွေ မက်ခဲ့ဖူးတယ်
တနေ့ပေါ့….


ပိုင်ဆိုင် ရသူနဲ့ ပြိုင်ဆိုင်ရသူ
ပေးဆပ်သူနဲ့ ဘေးဖျက်သူ
ပိုင်ဆိုင်ခွင့်မရှိလို့ ကျန်ခဲ့သူ
မထိုက်တန်တော့လို နောက်ဆုတ်ပေးခဲ့ရသူ
ရပါတယ်…


နှုတ်ဆက်ပါတယ် မျှော်လင့်ခဲ့တဲ့ တနေ့တွေကို
ဂွတ်ဘိုင် ….။

1 comments:

ညီသူလတ် said...

အဲဒီနေ့ တွေကို မင်းကြည်နူးစွာဖြတ်သန်းနိုင်ဖို့  မင်းရှိရာအရပ်ကို ရတဲ့ နည်းနဲ့ ပြန်လာခဲ့ မယ် ဘယ်တော့မှမဝေးရအောင် ဘဝရဲ့ အခက်ခဲတွေကို မင်းလက်ကိုမြဲမြဲဆုပ်ကိုင်ပြီး ဒို့ အတူတူဖြတ်သန်းကြမယ် ငါ့ရဲ့ အမှားများစွာအတွက် ငါဘဝတစ်ခုလုံးနဲ့ ပေးဆပ်ပါ့မယ် မင်းထာဝရပျော်ရွင်စေရပါ့မယ်

Post a Comment